Summary
ဆင့်ခေါ်ခံဖြစ်သော Annaသည် မိမိ၏မူလကမ္ဘာသို့ ပြန်ရန် နည်းလမ်းရှာဖွေရာတွင်”Swan’s Grave” (ငန်းဂူသင်္ချိုင်း)ဟု ကြောက်စရာ အမည်တွင်သော Roengrin Marquisate နယ်မြေတွင် အစေခံအမျိုးသမီးတစ်ဦးဖြစ်လာသည်။ ထို့နောက် မှူးမတ် Rothbart နှင့် မထင်မှတ်ဘဲ ရင်ဆိုင်တွေ့ရှိလေသည်။ သူ့မအား ပျောက်ဆုံးနေသော ဇနီးဖြစ်သည်ဟု မှားယွင်းစွာ ထင်မှတ်ကာ အင်အားသုံး ခေါ်ဆောင်သွားပြီး “ငါ့ အစားထိုးဇနီးတစ်ယောက်လုပ်လိုက်” ဟူ၍ မျှော်လင့်မထားသည့် အရာကိုတန်းလုပ်လိုက်သည်။ ထို့နောက် သူမကို မိမိ၏မူလကမ္ဘာသို့ ပြန်နိုင်ရန် ဤကမ္ဘာမှ တစ်စုံတစ်ဦးနှင့် ကလေးတစ်ယောက် မွေးဖွားရမည်ဟု ပြောပြလိုက်သည်။ Anna သည် ဤအကျပ်ရိုက်မှုနှင့် ရုန်းကန်နေစဉ်၊ Rothbart ၏သား Swan Hilt ကလည်း သူမ၏ဘေးတွင် ရှိနေကာ “Anna မေမေဖြစ်ချင်တယ်” ဟု ချော့မြူတောင်းဆိုနေသည်။ ရှောင်လွဲ၍မရသော အဆုံးသတ်နှင့် ဆက်ဆံရေးတစ်ခု။ ငြင်းဆန်လို့မရသော အခြေအနေ။ အိမ်အရမ်းပြန်ချင်နေသော Anna သည် နောက်ဆုံးတွင် Rothbart ၏ အဆိုပြုချက်ကို လက်ခံလိုက်ရသောအခါ…
Review by pauk duu