Summary
ကမ္ဘာ့အသန်မာဆုံး ဓားသမား Astrea တစ်နေ့တွင်သူမသည် ဝတ္ထုတစ်အုပ်အတွင်းရှိ ဇာတ်ကောင်တစ်ခုအဖြစ် ပြန်လည်မွေးဖွားလာကြောင်း သိရှိလိုက်ရသည်။
ပြဿနာက? သူမ၏ဇာတ်ဝင်ခန်းသည် နောက်ဆုံးရန်သူ မကောင်းဆိုးဝါးနတ်ဘုရားမှ သတ်ဖြတ်ခံရမည့်အခန်းဖြစ်နေခြင်းပင်။
သို့သော်… တစ်နေ့တွင် သူမသည် တောင်တက်ခရီးထွက်စဉ် လူဆိုးတစ်စုဆီမှ ကလေးတစ်ဦးကိုကယ်တင်လိုက်မိသည်… ထိုကလေးသည်ပင်လျှင် နောင်တွင် မကောင်းဆိုးဝါးနတ်ဘုရားဖြစ်လာရမည့်သူဖြစ်နေသည်ကို သိရှိလိုက်ရသည်။
“ကောင်းပြီ… အခြေအနေကဒီလိုဖြစ်နေပြီဆိုရင်… ငါသူ့ကိုကောင်းကောင်းကြီးမွေးပြီး လုံးဝပြန်လည်ပြုပြင်ပေးလိုက်မယ်”
အဆုံးစွန်အားဖြင့် သူမသည် ထိုကလေးကို မွေးစားကာ စတင်ပြုစုပျိုးထောင်ပေးခဲ့သည်…
“Lea… ဘယ်ကိုသွားမလို့လဲ? ထိုလူကိုပြန်တွေ့မှာလား?”
မကောင်းဆိုးဝါးနတ်ဘုရားဖြစ်မည့်ကလေးသည် ယခုအခါ သူမ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ကာ သူမသွားသည့်နေရာတကာလိုက်ပါသွားလာနေသော စွဲလမ်းမှုစိတ်ပြင်းထန်သည့်လူတစ်ဦးဖြစ်လာခဲ့သည်။
တစ်နည်းနည်းဖြင့်… သူမသည် အဆိပ်ပင်ရေလောင်းသောအဖြစ်ကိုလုပ်မိခဲ့ပြီလား…
Review by Pauk Duu