Summary
Review လေးပါ
“Herwin! နင့်ကိုငါ အရမ်းသဘောကျတယ်! အတူတူလျှောက်လည်ကြရအောင်!” ‘Lucia Agnes’ ဟာ တဖက်သတ်ချစ်ခဲ့ရတဲ့ သူအတွက် နှစ် ၁၃ နှစ်ကြာ အကြိမ် ၉၈ ကြိမ်မြောက် အချစ်ဝန်ခံခဲ့ပါတယ်။ “ငါ့မှာ ကြိုက်နေတဲ့သူရှိပြီးသားပါ Lucia” လို့ ပြောပြီး ‘Herwin Peneus’ ကတော့ သူမရဲ့အချစ်ကို အမြဲတမ်း ငြင်းပယ်ခဲ့သူပါ။ ၉၉ ကြိမ်မြောက် အချစ်ဝန်ခံခံရပြီးနောက် Lucia ဟာ Herwin အတွက် သူ့ရဲ့ခံစားချက်တွေကို နောက်ဆုံးတော့ စွန့်လွှတ်လိုက်ပြီး မိဘတွေရဲ့ဆန္ဒအတိုင်းစီစဉ်ပေးတဲ့လူနဲ့တွေ့ဆုံဖို့ သွားရောက်ခဲ့ပါတယ်။
ဒါပေမယ့်… Lucia ဟာ မိဘတွေစီစဉ်ပေးတဲ့လူနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ အခြေအနေတွေဟာ မျှော်လင့်မထားတဲ့ပုံစံနဲ့ ပြောင်းလဲသွားခဲ့တယ်… “စေ့စပ်ပွဲမတိုင်ခင် Herwinရဲ့ခံစားချက်ကို သေချာအောင်လုပ်ဖို့ မကြိုးစားကြည့်တော့ဘူးလား?” Lucia ဟာ နောက်ဆုံးမှာ အချစ်ရေးမှာ အောင်မြင်နိုင်မလား…
Review by Pauk Duu