Summary
နဂါးမလေးနှင့် မြို့စား
နတ်သားရဲတွေနေထိုင်တဲ့ Aliope အင်ပါယာကို ကိုယ်စားပြုတဲ့ မြို့စားအိမ်တော်ကြီး လေးခုအနက် Moonrefe အိမ်တော်ဟာ အမည်မသိတဲ့ အကြောင်းအရာကြောင့် သူတို့နတ်သားရဲ ရဲ့အမျက် ဒေါသကို ခံခဲ့ရပြီးနောက် နတ်သားရဲကိုဆုံရှုံးခဲ့တယ်။
မြို့စားငယ်လေး Edinburgh ဟာ ပြိုလဲသွားတဲ့ သူ့အိမ်တော်ကို ကယ်တင်ဖို့အတွက် သောကရောက်ကာ တားမြစ်ထားတဲ့ ဓလေ့တစ်ခုကို ပြုလုပ်၍ နတ်သားရဲနေရာကိုအစားထိုးရန် ရှေးဟောင်းသားရဲတစ်ကောင်ကို ဆင့်ခေါ်ဖို့ကြိုးစားခဲ့တယ်…
ဘယ်လိုသားရဲပဲ ပေါ်လာပါစေ သူ ရအောင်သိမ်းသွင်းပြီး သူ့ရဲ့နတ်သားရဲအသစ်ဖြစ်လာအောင် လုပ်မယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတယ်။
တကယ်တမ်း ပေါ်လာတာကတော့…. “ပီ_ရာ!”
ဥခွံတောင်အကုန်မခွာရသေးတဲ့ သနားစရာ နဂါးပေါက်လေး?!
ထို့နောက် သူဘာသာပြန်ဆိုတဲ့ ဂါထာရွတ်လိုက်ချိန်မှာပဲ အဲ့အကောင်ပေါက်လေးဆီက ပထမဆုံးထွက်လာတဲ့စကားက…
“ပီ_ရာ…ပီ_ရာ…ပီ…(ယောက်ျား…Ashil ကအရသာမကောင်းပါဘူး…Ashil ကိုမစားပါနဲ့နော်? …)”
ဒီလိုနဲ့ ရုတ်တရက်ကြီးသူ့ကို “ယောက်ျား” လို့ စခေါ်တဲ့ နဂါးပေါက်လေး Ashil ကို သူ့ရဲ့ နတ်သားရဲအသစ် ဖြစ်လာအောင်လုပ်ဖို့နဲ့ သူ့ရဲ့အိမ်တော်ကို ကယ်တင်ဖို့ Edinburgh တစ်ယောက် စပြီးရုန်းကန်ရလေတော့တယ်….!
Review by Jigu